နီပေါနိုင်ငံသို့ ဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု မြင့်တက်



ဩဂုတ် ၄

နီပေါနိုင်ငံသို့ ဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ အဓိကအားဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုမှ ခရီးသွားများ သိသိသာသာမြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ပြောကြားချက်အရသိရသည်။

ဇူလိုင်လတွင် နိုင်ငံတကာခရီးသွား ၇၁၇၇၅ ဦး ဝင်ရောက်မှုရှိရာ ၂၀၂၅ ခုနှစ် အလားတူကာလက  ဝင်ရောက်သည့် နိုင်ငံခြားခရီးသွား ၇၀၁၉၃ ဦးမှ မြင့်တက်လာခဲ့ကြောင်း ယင်းဘုတ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သော လစဉ်အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ထိုလအတွင်း အိန္ဒိယခရီးသွား ၂၃၄၉၀ ဦးဖြင့် နိုင်ငံခြားခရီးသွားများဝင်ရောက်မှုတွင် အများဆုံးအဖြစ် ဆက်လက်ရှိနေသော်လည်း ၎င်းဘုတ်အဖွဲ့၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှုကျဆင်းသွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.