အိန္ဒိယနိုင်ငံ ဘုရားကျောင်းတစ်ခုတွင် လူအုပ်ပြိုမှုဖြစ်ပွားသဖြင့် ခုနစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရရှိ



ဩဂုတ် ၁၇

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် လူအုပ်ပြိုမှုဖြစ်ပွားပြီးနောက် ယနေ့နံနက်တွင် လူခုနစ်ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘီဟာပြည်နယ်၏မြို့တော်ပတ်နာမြို့၏ အရှေ့တောင်ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ လက်ခီဆာရိုင်းခရိုင်ရှိ အာရှုတ်ဒမ်ဘုရားကျောင်းတွင် လျှပ်စစ်ဝါယာကြိုးပြတ်တောက်ပြီးနောက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ရှီဗမ်ကူမာ၏ပြောကြားချက်ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြထားသည်။

ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ယင်းနေရာသို့ သွားရောက်ခဲ့ကြသည်ဟု သိရသည်။

ဘုရားကျောင်းတွင် ဆုတောင်းဝတ်ပြုရန် ဘုရားဖူးများစုဝေးခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.