ရန်ကုန်မြို့အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်သို့ ရွှေပြည်သာမြို့နယ်ရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ
ရန်ကုန် ဩဂုတ် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ နိုင်ငံ၏
ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှု တန်ဖိုးများ သိရှိနားလည်လာစေရန်၊
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာစေရန်၊ ဘိုးဘွားများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို
ထိန်းသိမ်းမြှင့်တင်လိုစိတ်ရှိစေရန်နှင့် အာကာသဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် အမှတ်(၁၃)
အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ရန်ကုန်မြို့
အမျိုးသားပြတိုက်နှင့် အာကာသ
ပြတိုက်များသို့ သွားရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့်
ဆရာ ဆရာမများသည် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်သို့ ရောက်ရှိကြပြီး ခေတ်အဆက်ဆက်
သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ရာ
အမျိုးသားပြတိုက် တာဝန်ရှိသူတစ်ဦးက အမျိုးသားပြတိုက်၏သမိုင်း၊ မြန်မာ့သမိုင်းနှင့်
ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများအကြောင်းကို ရှင်းလင်းပြသသည်။
ဆက်လက်၍ အာကာသပြတိုက်သို့ သွားရောက်ကာ
ပြတိုက်အတွင်း၌ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ အာကာသအတွင်း
စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ စသည့်အာကာသဆိုင်ရာ ဗဟုသုတများကို
ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments