ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတွင် ပြင်းအား ၆ ဒသမ ၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်
ဩဂုတ် ၂၄
ဂျပန်နိုင်ငံ မြောက်ပိုင်းဟော့ကိုင်းဒိုးစီရင်စုရှိ ယူရာကာဝါတွင် ကနဦး ပြင်းအား ၆ ဒသမ ၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ယမန်နေ့က ပြောကြားခဲ့သည်။
မိုးလေဝသအေဂျင်စီ၏ အဆိုအရ ငလျင်သည် ၄၀ ကီလိုမီတာခန့် အနက်တွင် ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည်ဟုသိရသည်။ဟော့ကိုင်းဒိုးပြည်နယ်အတွင်း ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသော ဒေသများတွင် ဂျပန်နိုင်ငံ၏ သုည မှ ခုနစ် အထိ သတ်မှတ်ထားသော ငလျင်ပြင်းအားစကေးအရ အဆင့် လေးရှိကြောင်း ဖော်ပြထားသည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၄၁ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၉ ဒီဂရီတွင် တည်ရှိသည်။
ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments