သာယာဝတီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
သာယာဝတီ သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်
ပြည်သူ့စကားဝိုင်းကို သြဂုတ် ၂၂ ရက်က ကျွဲသတ်အုပ်စု အင်းရွာကျေးရွာ ဝိနယဓရဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံ၌
ကျင်းပသည်။
ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းဇော်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ
အကြောင်းအရာများ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက
စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်းအရာများ၊
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းဇော်က မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ
အကြောင်းအရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်လေးလေးလွင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှူး
ဦးနိုင်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျွဲသတ်)
ကျန်းမာရေးမှူး ဒေါ်မိုးမိုးခိုင်က ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ
မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းက ကုန်အညွှန်းအမှတ်အသား အကြောင်းသိကောင်းစရာများ
စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သန့်ဇော်(ပြန်/ဆက်)

No comments