ရေလဲကြီးကျေးရွာနှင့် သာရဝေါကျေးရွာတို့မှ အိမ်ထောင်စု ၄၂၈ စု အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် အဖျောက်မြို့
အုန်းပင်ကွင်း ကျေးရွာအုပ်စု အုန်းပင်ကွင်း ဆည်မြောင်း မြစ်ကမ်းပန်းတာထိပ်တွင် ဧရာဝတီမြစ်ရေ
ဝင်ရောက်လျက်ရှိသော ရေလဲကြီးကျေးရွာနှင့် သာရဝေါကျေးရွာတို့မှ အိမ်ထောင်စု ၄၂၈ စုအတွက်
ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ဆေးဝါးများကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူက လှူဒါန်းပေးအပ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည်
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့အတွင်းရှိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်
ကြွေပုဂံချောင်း ကျေးရွာအုပ်စုရှိ အဖျောက်ကမ်းရင်းတာ မိုင်တိုင် (၄၄/၂)မှ ပန်းတာအတွင်းသို့
ရေဝင်ရောက်နေမှုနှင့် ရေကင်းစခန်းများ ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို
မှာကြားကာ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်
ဘားလားကျေးရွာအုပ်စု အမှတ်(၇) လမ်းဘေးရှိ Yangon Motor sport Complex(YMC) ဖွင့်ပွဲသို့
တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
YMC မှ တာဝန်ရှိသူများက Yangon Motor sport Complex(YMC) ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ YMC Workshop နှင့် ကားမောင်း
လေ့ကျင်ရေးကွင်းတွင် ထိုင်းနိုင်ငံမှ Drift ကားမောင်းချန်ပီယံမှ သရုပ်ပြမောင်းနှင်နေမှုကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments