အယ်လ်ဂျီးရီးယားနိုင်ငံ၌ တောမီးလောင်ကျွမ်းမှုကြောင့် ၁၂ ဦးသေဆုံး



ဩဂုတ် ၂၇

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သုံးခုတွင် ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုတွင် လူ ၁၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Said Sayoud က ယမန်နေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါသေဆုံးမှုများတွင် ဂျီဂျယ်ပြည်နယ်မှ လူ ငါးဦး၊ ဘီဂျာယာမှ  လေးဦးနှင့် တီဇီအူဇူးတွင် သုံးဦး ပါဝင်ကြောင်း မြို့တော် အယ်လ်ဂျီးယား၏ အရှေ့ဘက် ၂၇၀ ကီလိုမီတာခန့်အကွာရှိ ဘီဂျာယာပြည်နယ်သို့ သွားရောက်စဉ် Sayoud က ပြောကြားခဲ့သည်။

ပြည်နယ်များစွာတွင် သစ်ပင်လောင်ကျွမ်းမှု ၁၅၉ ခု မှတ်တမ်းတင်ထားပြီး လောင်ကျွမ်းမှု ၉၀ မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ၆၉ ခု ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

တောမီးများ လူနေဧရိယာများဆီသို့ ချဉ်းကပ်လာသဖြင့် မိသားစုများစွာကိုလည်း ကြိုတင်ကာကွယ်မှုအဖြစ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

မကြာသေးမီလများက သစ်တောများ၊ လယ်ယာမြေများနှင့် အိမ်များကို ပျက်စီးစေခဲ့သည့် လူ ၂၀ ကျော် သေဆုံးခဲ့သည့် တောမီးများ ပြန်လည်ဖြစ်ပွားလာမှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.