မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲ ကျင်းပ

 


မင်းဘူး ဩဂုတ် ၃

 

နိုင်ငံတော်သမ္မတက မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ အတွက် လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက စာကြည့်တိုက် ၁၃ တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပေးအပ်သည်။

 

ထိုသို့လှူဒါန်းရာတွင် နိုင်ငံတော်သမ္မတက မင်းဘူးဒေသခရီးစဉ်တွင် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေဖတ်ရှုခြင်းအားဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးတက်လာစေရန် ကျောင်းစာကြည့်တိုက်များ အပါအဝင် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်ပေါင်း ၁၀၀၀ ကျော်ကို လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စာကြည့်တိုက် ၁၃ တိုက်အတွက် ညီတူညီမျှခွဲဝေ၍ တာဝန်ရှိသူများထံ ထပ်ဆင့်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.