ကလောမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှု
ကလော ဩဂုတ် ၆
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်း စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကလောမြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှတ်(၄)ရပ်ကွက်ရှိ ကလောချောင်း ရေမြောင်းအသစ် တူးဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိက ရှင်းလင်းတင်ပြပြီး ရှင်းလင်းချက်များအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် မြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင် ရွက်လျက်ရှိသည့် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက် ဟိုက်ဒရိုကွင်းအတွင်း ငါးရက် တစ်ကြိမ် ပျံကျဈေး ရောင်းချလျက်ရှိသည့် မြေနေရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments