အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားတွင် ပြင်းအား ၆ ဒသမ ၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်
ဩဂုတ် ၁၈
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ နီယာစ်ကျွန်းတွင် ပြင်းအား ၆ ဒသမ ၁ ရှိသော ငလျင်တစ်ခု ယနေ့လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားခဲ့သည်။
ယခုအချိန်အထိ လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှု မရှိသေးကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၀၂ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ငလျင်ဗဟိုချက်သည် တောင်ပိုင်းနီယာစ်ဒေသ၏ အရှေ့တောင်ဘက် ၁၄၇ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၂၉ ကီလိုမီတာတွင် တည်ရှိကြောင်း ထိုအေဂျင်စီက ပြောကြားခဲ့သည်။
ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်စေနိုင်သည့် အလားအလာမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments