ဆီဆိုင်မြို့နယ်၌ ကော်ဖီစိုက်ပျိုးရေးဆိုင်ရာ သင်တန်းဆွေးနွေး ပို့ချ

 


ဆီဆိုင် ဩဂုတ် ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အသွေးကောင်းမွန်သော ကော်ဖီထုတ်ကုန်များ ရရှိစေရေးနှင့် ကော်ဖီစိုက်ပျိုးတောင်သူများ၏ နည်းပညာနှင့် အသိပညာများ တိုးမြှင့်ပေးနိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးရေးဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဝင်းက အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဦးကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် ကော်ဖီမျိုးရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ ပျိုးပင်ထောင်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခူးဆွတ်ခြင်း စသည့်နည်းပညာများကို နှစ်ရက်တာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.