မြစ်ရေဝင်ရောက် ကျေးရွာအုပ်စုများရှိ ကျွဲ၊ နွားများအတွက် နွားစာ(စပ်စာတောင့်)များ ခွဲဝေဖြန့်ဖြူး
သာပေါင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြစ်ရေဝင်ရောက် ကျေးရွာအုပ်စုများရှိ ကျွဲ၊ နွားများအတွက်
နွားစာ(စပ်စာတောင့်)များအား ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်အေးခန်းမ၌ ခွဲဝေဖြန့်ဖြူးခြင်းများ ဆောင်ရွက်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာကျော်စိုးလင်းက ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ် သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဝယ်ယူထားသည့် နွားစာ (စပ်စာတောင့်
25Kg) အိတ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများနှင့် မြစ်ရေဝင်ရောက်လေ့ရှိသည့် ဒေသများမှ
ကျွဲ၊ နွားများအတွက် ခွဲဝေဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်စု
ငါးစု ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ နွားစာ အိတ် ၃၀ အား ဖြန့်ဖြူးပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments