ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားသူဦးရေ ၄၀၀၀ ကျော်ရှိလာ



ဩဂုတ် ၇

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အတည်ပြုထားသော အီဘိုလာရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၄၀၅၃ ဦးအထိ ရောက်ရှိခဲ့ရာ သေဆုံးသူ ၁၈၅၀ ဦး အပါအဝင်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလူနာစုစုပေါင်း ၆၉၄ ဦးသည် သီးခြားခွဲထားခြင်း သို့မဟုတ် ဆေးရုံတွင် ကုသမှုခံယူနေရပြီး ၇၉၃ ဦးသည် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ဖြစ်သော Médecins Sans Frontières (MSF) က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော အီဘိုလာရောဂါကူးစက်မှုသည် ယခင်ကထက် ပိုမိုစိုးရိမ်ဖွယ်အခြေအနေသို့ရောက်ရှိနေပြီး ကူးစက် ပျံ့နှံ့မှုသည် စိုးရိမ်ဖွယ်ကောင်းသောအရှိန်နှင့် ယခင်မကြုံဖူးသည့်နှုန်းဖြင့် ဆက်လက် ဖြစ်ပွားလျက်ရှိကာ လျော့ကျမည့် လက္ခဏာမတွေ့ရသေးကြောင်း သတိပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.