လမ်းပြုပြင်ခြင်းလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
အင်္ဂပူ ဩဂုတ် ၂၅
လေးမျက်နှာမြို့နယ်သို့ ရေဘေးကယ်ဆယ်ရေးယာဉ်များ
အဓိက သွားလာနေသည့် အင်္ဂပူမြို့နယ် ပဆင-ဒေါင့်ကြီး-ဘောဇကိုင်းလမ်းနှင့် လေးမျက်နှာမြို့နယ်
ခတ္တူ-ဘိသလွန် -ကရင်တော-ကတက်ကုန်း-ရွာသာကုန်းလမ်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက
ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါလမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးနှင့်
ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments