မိတ္ထီလာမြို့၌ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်
မိတ္ထီလာ ဩဂုတ် ၂၇
မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အဆင်သင့်ဖြစ်မှုမြှင့်တင်ရေး (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းတက်ရောက်လျက်ရှိသည့်
သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်
ကျောင်းအကျိုးဆောင်ကော်မတီဝင်များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊
မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင်
ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments