နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ




နေပြည်တော် ဩဂုတ် ၂၀


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျှက်ရှိရာဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈ဒသမ၅၄၀၆)တန်၊ သစ်မာ (၅၄ဒသမ၃၃၄၀)တန်၊ အခြား (၅၂ဒသမ၆၆၉၈)တန်၊ စုစု ပေါင်း(၁၂၅ဒသမ၅၄၄၄)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဉီးစီးဌာနမှသိရသည်။


(သတင်းစဉ်)

No comments

Powered by Blogger.