ထိုင်းနိုင်ငံ စာသင်ကျောင်းတွင် ပစ်ခတ်မှုကြောင့် ခုနစ်ဦးထက်မနည်းသေဆုံး



ဩဂုတ် ၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်သာဘူရီပြည်နယ်ရှိ စာသင်ကျောင်းတွင် ယနေ့နံနက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် ဆရာ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမားတို့ ပါဝင်ကြောင်း ပြည်နယ်၏ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးရုံး၏ ပြောကြားချက်အရ သိရသည်။

ခရမ်းရောင် အားကစားဝတ်စုံဝတ်ဆင်ထားသော သေနတ်သမားသည် ကျောင်းအတွင်း ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့သည်ဟု အခင်းဖြစ်ပွားရာနေရာရှိ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.