ပြည်ခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်း အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်

 


​ပြည် ဩဂုတ် ၁၆

 

​မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)၏ ပဲခူးတိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ပြည်ခရိုင်) ၂၀၂၆ - ၂၀၂၉ သက်တမ်းကာလ အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ Prome Garden Hotel ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ခရိုင် အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက အမှာစကား ပြောကြားသည်။ 

 

ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ပြည်မြို့နယ် အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိန်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ(၃) ဦးကျော်တင့်နှင့် ပဲခူးတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ပြည်ခရိုင်)ဥက္ကဋ္ဌ ဦးထင်ကျော်ဦးတို့က အခွန်ကိစ္စရပ်များ၊ ပြည်ခရိုင်၏ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.