အင်ဒိုနီးရှားနိုင်ငံလွန်ဘော့ကျွန်းကမ်းလွန်၌ကူးတို့သင်္ဘောမီးလောင်မှုမှ ၁၁၂ ဦးကို ကယ်တင်နိုင်ခဲ့



ဩဂုတ် ၁၂

အင်ဒိုနီးရှားနိုင်ငံ အနောက်နူဆာတန်ဂါရာပြည်နယ် လွန်ဘော့ကျွန်းကမ်းလွန်ရေပြင်၌ ပူထရီယာစမင် ခရီးသည်တင်ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ၁၁၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ဒေသခံတာဝန်ရှိသူတစ်ဦးက အနီးအနားရှိ ကူးတို့သင်္ဘောတစ်စင်းက လူ ၃၆ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီသင်္ဘောတစ်စင်းက လူ ၅၉ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ ရေတပ်သင်္ဘောတစ်စင်းက နောက်ထပ်လူ ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

ပါဒန်ဘိုင်မှ အရာရှိတစ်ဦးက ကူးတို့သင်္ဘောပေါ်တွင် ခရီးသည် ၁၁၄ ဦးနှင့် သင်္ဘောသား ၁၇ ဦး လိုက်ပါလာကြောင်းနှင့် ခရီးသည်များနှင့် သင်္ဘောသားများ ထိခိုက်ဒဏ်ရာရရှိမှု သတင်းများကို ချက်ချင်းမသိရသေးကြောင်း ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။

ထိုသင်္ဘောသည် ဘာလီမှ အနီးနားရှိ လွန်ဘော့ကျွန်းသို့ ခုတ်မောင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။  မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.