နီပေါနိုင်ငံအနောက်ပိုင်း မြေပြိုမှုတွင် နှစ်ဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံး

 


ဩဂုတ် ၁၃

နီပေါနိုင်ငံအနောက်ပိုင်း ရိုလ်ပါခရိုင်တွင် မြေပြိုမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်တွင် လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှနာ ရှရက်စ်သာက ဆုံးရှုံးမှုအတိအကျမသိရှိရသေးကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းမှ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည်ဟု ရှရက်စ်သာက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.