ကော့မှူးမြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 


ကော့မှူး ဩဂုတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့် ပူးပေါင်း၍ ကျင်းပသော ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့မှူးမြို့နယ် ဘုရားနီကျေးရွာ ဘုရားကြီးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး‌ကျော်ဇင်ဟိန်းနှင့် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုးတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 

ရှင်းလင်းပြောကြား

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူ့စကားဝိုင်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.