ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ပေါ်ဆန်းမွှေးနှင့် ဘာစမာတီစပါးများ စမ်းသပ်စိုက်ပျိုး
လွိုင်လင် သြဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ဝမ်တုံကျေးရွာအုပ်စုရှိ မိုင်းတွမ်း တောင်ပေါ်နှင့် မြေပြန့်ဒေသတို့၌ ပေါ်ဆန်းမွှေးစပါး ဧက ၆၀ စမ်းသပ် စိုက်ပျိုးထားပြီး ဓာတ်မြေသြဇာကြဲပက် ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ ကွင်းသရုပ်ပြသနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက်ကြည့်ရှုအားပေးပြီး တောင်သူများထံ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ ယမန်နေ့နံနက်ပိုင်းတွင် လွိုင်လင်ခရိုင် မိုင်းပွန်ရှိ မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (၄/၁၅၃) တွင် မိုင်းပွန်တံတားပေ ၂၂၀ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လင်းခေးခရိုင် မိုင်းပန်မြို့နယ် အရှေ့ကျေးရွာ အုပ်စုတွင် မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေး စံပြကွက် စျေးကွက်ဝင် ၂၀၂၆ ခုနှစ် စမ်းသပ်စိုက်ပျိုးသည့် ပေါ်ဆန်းမွှေးနှင့် ဘာစမာတီစပါး စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ တောင်သူများထံ ဓာတ်မြေသြဇာများ ပေးအပ်ကာ စိုက်ခင်းများကို လှည့်လည် ကြည့်ရှုသည်။
ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းတုံခရိုင် မိုင်းတုံမြို့ နောင်ပိုင်ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် Clean & Green ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် နောင်ပါရင်(၈)လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments