စင်ကာပူနိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း



ဩဂုတ် ၂၅

စင်ကာပူနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တိုင်ကြားခံရသော ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုအရေအတွက် အနည်းငယ်ကျဆင်းခဲ့ရာ ယခင်နှစ်က အလားတူကာလတွင် ၁၀၃၂၅ မှုမှ ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ၁၀၂၈၇ မှုသာ ရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။

ပထမနှစ်ဝက်အတွင်း ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများမှာ မဖွယ်မရာ ထိတွေ့ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်း၊ ဆိုင်များမှ ပစ္စည်းခိုးယူခြင်းနှင့် နေအိမ် သို့မဟုတ် လူနေရာအတွင်းမှ ပစ္စည်းခိုးယူခြင်းတို့ဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သော Mid-Year Crime Brief 2026 တွင် ဖော်ပြထားသည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မဖွယ်မရာပြုမှု ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးလာရာ ပြီးခဲ့တဲ့နှစ် အလားတူကာလက ၇၃၉ မှု ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ၂၃ မှု တိုးပြီး ၇၆၂ မှု ဖြစ်လာကြောင်း နှင့် ပထမနှစ်ဝက်အတွင်း ဖြစ်ပွားခဲ့သော ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုအားလုံး၏ ၇ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

ဆိုင်ခိုးမှုများသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၂ ရာခိုင်နှုန်း သို့မဟုတ် ၄၅ မှု မြင့်တက်လာကာ ၂၀၉၅ မှုအထိ ရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုစုစုပေါင်း၏ ၂၀ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိသည်။

နေအိမ်များတွင် ခိုးမှု ၀ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် လေးမှုအထိ မြင့်တက်လာရာ ယခင်နှစ်ကထက် ၇၃၀ မှုအထိ မြင့်တက်လာပြီး စုစုပေါင်း ရုပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ၏ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိသည်။

လုယက်မှုနှင့် ခိုးယူမှုနည်းပါးနေဆဲဖြစ်ပြီး ထိုကာလအတွင်း လုယက်မှု ၁၂ မှု နှင့် ခိုးယူမှု ကိုးမှု အသီးသီး ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.