ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှုအဆင်ပြေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 


အင်္ဂပူ ဩဂုတ် ၁၇

 

လေးမျက်နှာမြို့နယ်သို့ ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားလာနေသည့် အင်္ဂပူမြို့နယ် ပဆင -​ ဒေါင့်ကြီး - ​ဘောဇကိုင်းလမ်းနှင့် လေးမျက်နှာမြို့နယ် ခတ္တူ - ဘိသလွန် - ကရင်​တော - ကတက်ကုန်း- ရွာသာကုန်း လမ်းများအား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

အင်္ဂပူမြို့နယ် ပဆင - ​ဒေါင့်ကြီး - ​ဘောဇကိုင်းလမ်းနှင့် လေးမျက်နှာ မြို့နယ် ခတ္တူ - ဘိသလွန် - ကရင်​တော - ကတက်ကုန်း - ရွာသာကုန်း လမ်းတို့ကို ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှုအဆင်‌ပြေရေးအတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျေးလက်လမ်း ဖွံ့ဖြိုး​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူး(မြို့ပြ) ဦး​အောင်​ကျော်လူနှင့် ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြား​ရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းတို့က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)

No comments

Powered by Blogger.