ဒေါပုံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော
ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်
အမှတ် (၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်
မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ကျင်းပသည်။
ဦးစွာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဌာနမှူး
ဒေါက်တာ မျိုးမျိုးခိုင်က ကျောင်းသား ကျောင်းသူများအား ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများ၏
ဆိုးကျိုးများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး
အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)

No comments