တရုတ်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာအသုံးပြု၍ ဥပဒေအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 


ပေကျင်း   ဩဂုတ်   ၃၀

တရုတ်နိုင်ငံတွင်  လာမည့်ငါးနှစ်အတွင်း ဉာဏ်ရည်တုနည်းပညာနှင့် အချက်အလက်များအသုံးပြု၍ နိုင်ငံသားများအား ဥပဒေအသိပညာပေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ဆောင်ရွက်မည့်ငါးနှစ်ကြာ ဥပဒေအသိပညာပေးရေးအစီအစဉ်တွင် နိုင်ငံသားများအတွက် တစ်သက်တာ ဥပဒေအသိပညာပေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသားများ၏ နေ့စဉ်လုပ်ငန်းခွင်၊ လူနေမှုဘဝများနှင့်  ဥပဒေအသိပညာပေးလုပ်ငန်းများ နီးစပ်မှုရှိစေရေးဆောင်ရွက်မည် ဖြစ်သည်။

တရားရေးဝန်ကြီးဌာနသည် အစိုးရအေဂျင်စီများ၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့် အင်တာနက်ကုမ္ပဏီများမှ   ကြီးမားသော ဒေတာအရင်းအမြစ်များကိုအသုံးပြု၍ လူတန်းစားပေါင်းစုံ၏ ဥပဒေရေးရာလိုအပ်ချက်များအား သိရှိနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း  အဆိုပါဝန်ကြီးဌာန ဥပဒေရေးရာ ပြန်ကြားရေးနှင့် အုပ်ချုပ်မှုဗျူရို ညွှန်ကြားရေးမှူး ဇူယန်ကီက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.