နယူးဇီလန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားများဝင်ရောက်မှု ကိုးရာခိုင်နှုန်း မြင့်တက်လာ



ဩဂုတ် ၁၄

နယူးဇီလန်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ဇွန်လအထိ ပြည်ပခရီးသွားဝင်ရောက်မှု ၃ ဒသမ ၆၇ သန်း ရှိရာ ယခင်နှစ်ကခရီးသွားဝင်ရောက်မှု ၃ ဒသမ ၃၈ သန်းထက် ကိုးရာခိုင်နှုန်း မြင့်တက်လာကြောင်း ယနေ့တွင်ဖော်ပြထားသည်။

နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၃၀၀၀၀၀ နီးပါး မြင့်တက်လာခဲ့ရာ  သြစတြေးလျနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားဝင်ရောက်မှုသုံးပုံနှစ်ပုံကျော် ရှိခဲ့ကြောင်း နယူးဇီလန်စာရင်းအင်းဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သြစတြေးလျမှလာရောက်သူ ၁၄၄၄၀၀ ဦးနှင့် တရုတ်နိုင်ငံမှလာရောက်သူ ၆၇၀၀၀ ဦး မြင့်တက်လာခဲ့သည်ဟု သိရသည်။

သြစတြေးလျသည် လာရောက်သူ ၁ ဒသမ ၅၉ သန်းဖြင့် ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး အမေရိကန်၊ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့မှ ခရီးသွားများဒုတိယအများဆုံးလာရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.