ဂျပန်နိုင်ငံ တိုကျိုမြောက်ဘက်ဘူတာရုံတွင် အမြန်ရထားတိုက်မိသဖြင့် လေးဦးသေဆုံး



ဩဂုတ် ၂၀

ဂျပန်နိုင်ငံ တိုကျိုမြောက်ဘက် တိုချီဂီစီရင်စုရှိ ရထားဘူတာရုံတစ်ခု၌ ရထားလမ်းများပေါ်တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အလုပ်သမားများ လုပ်ဆောင်နေစဉ် အမြန်ရထားတိုက်မိသဖြင့် အလုပ်သမားလေးဦး သေဆုံးခဲ့ကြောင်း အများပြည်သူပိုင် အင်န်အိတ်ချ်ကေ ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အဆိုပါအမျိုးသားလေးဦးသည် ပေါင်းပင်များဖယ်ရှားရန် ရထားလမ်းများပေါ်တွင်ရှိနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုဘူနစ်ကိုလိုင်းရှိ ရှင်-ကာနူးမာဘူတာရုံ၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုမေ့မြောနေသူလေးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နောက်ပိုင်းတွင် သေဆုံးသွားသည်ဟု သိရသည်။

ယင်းဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များကို ရဲနှင့် မီးသတ်သမားများ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.