ဗိုလ်တထောင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှု အသိပညာပေး

 


ရန်ကုန် ဩဂုတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၅)ရပ်ကွက် (၅၂)လမ်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်ပွားစေရေးအတွက် ပြည်သူများနှင့် တွေ့ဆုံဟောပြောပွဲ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးတင်ကိုကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်ခင်ဌေးက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးပြောကြားကာ တက်ရောက်လာသည့် ဌာနများမှ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် တက်ရောက်လာသူများအား ဝမ်းပျက်ဝမ်းလျှော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းအဖွဲ့သည် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်နှင့် ရေသန့်ဆေးပြားများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)

No comments

Powered by Blogger.