ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်စည်ပင်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့
ဟင်္သာတ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း
ရေဘေးဒဏ်ခံခဲ့ရသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ယမန်နေ့က ဟင်္သာတမြို့နယ်
စည်ပင်သာယာရေးအဖွဲ့ရုံး တိုးတက်အောင်ခန်းမ၌ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး
ဦးအောင်ကျော်စိုးက အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ
အားပေးစကားပြောကြားသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက
ဝန်ထမ်းများအား လစာငွေ အချိန်မီရရှိရေးနှင့် နေရာထိုင်ခင်းအဆင်ပြေစေရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments