ချောက်မြို့နယ်၌ အစိုးရမဟုတ်သော ပြည်တွင်းအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ

 


ချောက် ဩဂုတ် ၂၃

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ အစိုးရမဟုတ်သော ပြည်တွင်းအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က မြို့နယ်၌အစိုးရမဟုတ်သော ပြည်တွင်းအသင်းအဖွဲ့များ သိရှိလိုက်နာရမည့်အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့်ညွှန်ကြားချက်များကို ရှင်းလင်းပြီး မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန့်ဇော်က အသင်းအဖွဲ့နှင့်ပတ်သက်သည့် ကူညီဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ချောက်မြို့နယ်အတွင်းမှ တက်ရောက်လာသည့်လူမှု ကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုဖွံ့ဖြိုးရေးအသင်းအဖွဲ့တာဝန်ရှိသူတို့က လိုအပ်လျက်ရှိသည်များကို တင်ပြခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်၊ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန့်ဇော်တို့က ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည်ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲသို့ ချောက်မြို့နယ်အတွင်းမှ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုဖွံ့ဖြိုးရေးအသင်းများ စုစုပေါင်းအသင်း အဖွဲ့ ၁၀ ဖွဲ့ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.