စစ်ကိုင်းခရိုင်အတွင်း ဝါသီးနှံမျိုး ၃၇၆၉၆ ဧက လျာထားစိုက်ပျိုးလျက်ရှိ




မုံရွာ ဩဂုတ် ၁၃


စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ရွှေတောင်-၈၊ ရွှေတောင်-၁၀ နှင့် ရာကာ ဝါသီးနှံမျိုး ၃၇၆၉၆ ဧက လျာထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ စစ်ကိုင်းခရိုင် နတ်ခရိုင် ကျေးရွာရှိ တောင်သူ ဦးဆန်းမင်းထွန်း၏ ရာကာ (၆၆၆) မျိုး ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကို သွားရောက်ကြည့်ရှုအားပေး သည်။


ထိုသို့ သွားရောက်စဉ် ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားရေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲသွားရေးနှင့် ဝါခူးဆွတ်ချိန်တွင် လေလွင့်မှု မရှိအောင် စနစ်တကျ ခူးဆွတ်သွားရေး၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်မောင်းဆီများ ရရှိရေး၊ ဓာတ်မြေဩဇာရရှိရေးနှင့် နည်းပညာအကူအညီများ ရရှိစေရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။


ထို့ပြင် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျင် ၂/၃၂ ချည်လုံး ၂၂ ပေါင်အိတ် ၄၅ အိတ် ထုတ်လုပ်နေသည့် အောင်စိန် ချည်မျှင်စက်ရုံ၊ စစ်ကိုင်းမြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်နေသည့် နန်းဦးမြို့သစ်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တည်ဆောက်ရေး လုပ်ငန်းခွင်တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.