အမ်ဘာပေ၏ ဟက်ထရစ်နှင့်အတူ ရီးရဲမက်ဒရစ်က ဆိုစီဒက်ကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ

 




စပိန်လာလီဂါပွဲစဉ်()မှ ရီးရဲမက်ဒရစ်နှင့် ဆိုစီဒက်အသင်းပွဲစဉ်ကို ဩဂုတ် ၂၇ ရက် နံနက် ၁ နာရီခွဲက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက အသင်းအဓိကတိုက်စစ်ကစားသမား အမ်ဘာပေ၏ ဟက်ထရစ် သွင်းဂိုးနှင့် အတူ လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းမှ အဓိက တိုက်စစ်ကစားသမား အမ်ဘာပေ၊ ကွင်းလယ်တိုက်စစ်ကစားသမား  ဘဲလင်ဂမ်နှင့်    တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီးယပ်စ်တို့ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး  သွင်းဂိုးများ၊ ဂိုးဖန်တီးမှုများပြုလုပ်နိုင် ခဲ့သည်။ ဆိုစီဒက်အသင်းသည် ပွဲအစပိုင်း မိနစ်များတွင် တန်ပြန်တိုက်စစ်ဆင်မှုအချို့ ပြုလုပ်နိုင်ခဲ့သော်လည်း ပွဲချိန်ကြာ လာသည်နှင့်အမျှ ပြိုင်ဘက်အသင်း၏  ထိုးဖောက်တိုက်စစ်ဆင်မှုများကိုသာ ဟန့်တားကာကွယ်ခဲ့ရသည်။

ရီးရဲမက်ဒရစ်အသင်းသည် ဩဂုတ် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ် () တွင် အက်စ်ပန်ညိုအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး လူစားဝင်တိုက်စစ်ကစားသမား အက်စပီ၏ နောက်ကျသွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် ရီးရဲမက်ဒရစ်အသင်းသည် ယခုနှစ် လာလီဂါပြိုင်ပွဲတွင် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ရရှိထားပြီဖြစ်သည်။ ပြိုင်ဘက်ဆိုစီဒက်အသင်းက နှစ်ပွဲကစား နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ်စုဆောင်းထားနိုင် ခြင်း မရှိသေးပေ။                                                                                    

အောင်ဇော်

No comments

Powered by Blogger.