ရမည်းသင်းမြို့နယ် ရွှေသက်တံ့ ငွေစုငွေချေးနှင့် ခရိုင်(GEC) သမဝါယမအသင်း စည်းဝေး
ရမည်းသင်း ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်
ရွှေသက်တံ့ ငွေစုငွေချေးနှင့် ခရိုင်(GEC) သမဝါယမအသင်းတို့၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို
ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ
ရွှေသက်တံ့ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန
ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊
ရွှေသက်တံ့ ငွေစုငွေချေးနှင့် ခရိုင်(GEC)သမဝါယမအသင်းတို့မှ အမှုဆောင်အဖွဲ့များနှင့်
အသင်းသား အသင်းသူများ တက်ရောက်ပြီး အမှုဆောင်အဖွဲ့မှ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊
ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ်အစီအစဉ်များကို ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာသူများက
ကန့်ကွက်မှုမရှိ ထောက်ခံကြသဖြင့် သဘာပတိက အတည်ပြုပေးခဲ့ကာ အစုပေါ်အမြတ် ငွေကျပ် ၈၂၀၀၀၀
နှင့် စုဆောင်းပေါ်အတိုးငွေကျပ် ၂၇၇၀၀၀၀
ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ရမည်းသင်း)

No comments