အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ

 


နေပြည်တော် ဩဂုတ် ၂၀


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ရောက်ရှိစေရေးအတွက် UN ၏ လုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လွှတ်တော်ဘက်မှ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ UN အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများအတွက် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာရေး၊ နှစ်ဖက်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.