ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ Product Show and Job Fair (2026) အခမ်းအနားကျင်းပ

 


ရန်ကုန် ဩဂုတ် ၂၆

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ကြီးမှူးကျင်းပသည့် Product Show and Job Fair (2026) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီခင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်တို့က ဆုရ Project အဖွဲ့များ၊ အခမ်းအနားအတွက် ကူညီဆောင်ရွက် ပေးကြသော Company များနှင့် Internship Company များအားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး  ကျောင်းသား ကျောင်းသူများ၏ Project များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.