ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်
နေပြည်တော် ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ
ငဝန်တာတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍
တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေကျော်စီးဝင်သည့်နေရာတွင် Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် တာဝန်ရှိသူများသည် အဆိုပါ Sheet Pile ရိုက်၍
ကာရံခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပို့ဆောင်ရေးဝန်ကြီးဌာန
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက
တာတမံကာရံပိတ်ဆို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်က တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်သည့်နေရာ၌ Sheet Pile ရိုက်၍
ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်းသုံးအထောက်အကူပြုပစ္စည်းရောက်ရှိမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ၍ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ
ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Sheet Pile ရိုက်သွင်းရာတွင် သံချောင်းအရေအတွက်မှာ
၂၈၆ ချောင်း ရိုက်သွင်းရမည်ဖြစ်ရာ ယနေ့အထိ ရိုက်သွင်းပြီးစီးမှုမှာ ၅၅ ချောင်း ရိုက်သွင်းဆောင်ရွက်ခဲ့ပြီး
ကျန်ရှိသောလုပ်ငန်းများအား စက်ယာဉ်/ယန္တရားများဖြင့် လုပ်ငန်းများအရှိန်အဟုန်မပြတ်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဟင်္သာတ-မြို့ကွင်း-ကွင်းကောက်လမ်းပေါ်ရှိ
ငဝန်တံတား(မြို့ကွင်း)သို့ ရောက်ရှိရာ ငဝန်မြစ်ရေလမ်းကြောင်းစီးဆင်းမှုအခြေအနေနှင့်
တံတားကြီးရေတိုက်စားမှုမရှိစေရေး၊ တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments