“Singing in the Rain” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
နေပြည်တော် ဩဂုတ် ၂၀
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်
ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး
Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ဩဂုတ်
၂၁ ရက် (သောကြာနေ့)ညပိုင်းတွင်
“Singing in the Rain”တေးဂီတဖျော်ဖြေပွဲကို တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲကို GENIUS
PLUS တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် ကိုချာလီ၊ ဂျွန်စကစ်၊ ရတနာ၊ နှင်းအဉ္စလီနှင့်
ချမ်းချမ်း တို့က ခေတ်အဆက်ဆက် နာမည်ကျော်ကြား လူကြိုက်များခဲ့သည့် နိုင်ငံတကာ တေးသီချင်းများအနက်
မိုးရာသီ၏ ထင်ရှားပေါ်လွင်သော သဘာဝအလှတရားများနှင့်အတူ အချစ်၊ အလွမ်း တေးသီချင်းများကို
ရွေးချယ်သီဆိုဖျော်ဖြေကြ မည်ဖြစ်သည်။
“Singing in the Rain” တေးဂီတဖျော်ဖြေပွဲကို
ဩဂုတ် ၂၁ ရက် (သောကြာနေ့)ည ၉ နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channel
နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမှုနှင့်အတူ
MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ
MRTV App ၏ Entertain-ment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင်
ဩဂုတ် ၂၃ ရက်(တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments