ပေါင်မြို့နယ်၌ အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

 


ပေါင် စက်တင်ဘာ ၂၂

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ၊ ကြက်ဥ၊ ဝက်သား စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူ ဝယ်ယူအားပေးကြသည်။

 

အဆိုပါစျေးရောင်းချခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.