မရမ်းကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြော




မရမ်းကုန်း စက်တင်ဘာ ၂၀


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများကို အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက “လူငယ်တွေ စာဖတ်ကြစေချင်တယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက “လူကုန်ကူးခြင်းအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ”ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောကြသည်။


ထို့နောက် အလက(၅)မှ ကျောင်းသား ကျောင်းသူများက စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


မင်းသိန်းထွန်း

No comments

Powered by Blogger.