ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ ခုနစ် ဦးဒဏ်ရာရ



စက်တင်ဘာ ၁၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါဒေသရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး အနည်းဆုံး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသခံဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံး၏ ပြောကြားချက်အရ ဘန်ဂါဒေသရှိ အတန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

ပညာရေးဌာနအနေဖြင့် တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါရှိ ဘန်ဂါအမျိုးသားအထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်ရပ်နှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.