အမေရိကန်ပြည်ထောင်စု၌ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသော ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦး သေဆုံး
စက်တင်ဘာ ၂၂
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ယိုစမီတီအမျိုးသားဥယျာဉ်တွင် ဖြစ်ပွားနေသော တောမီး Dome Fire ကို မီးငြှိမ်းသတ်ရာတွင် ကူညီပေးနေသည့် ငှားရမ်းထားသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း အလက်စကာသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုသည် မာရီပိုဆာခရိုင်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနသ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး လိုက်ပါသွားသည်ဟု အေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါပျက်ကျမှုကို ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးနှင့် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့တို့ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
Dome Fire တောမီး၏ ၁၅ ရာခိုင်နှုန်းကို မီးထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာနက ယမန်နေ့က ပြောကြားခဲ့သည်။ အဆိုပါတောမီးသည် Wawona ဒေသရှိ Chilnualna ရေတံခွန်အနီးတွင် စက်တင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းလျှောက်တောင်တက်လမ်းအချို့နှင့် တောတွင်းဒေသအချို့ကို ပိတ်ထားခဲ့ရပြီး Yosemite ဥယျာဉ်ကိုမူ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments