မကွေးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ



မကွေး စက်တင်ဘာ ၈


၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးနိုင်က ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က ပေးပို့သည့် “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” သဝဏ်လွှာကို ဖတ်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ကျောင်းပြင်ပ ပညာရေးမှ WASH သင်တန်းနှင့် အလယ်တန်းအဆင့် နည်းပြသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ ဆရာမများ၊ အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသူများအား ဆုများ ပေးအပ်သည်။


အခမ်းအနားအပြီးတွင် မကွေးမြို့တိုင်းပြည်သူ့ ဆေးရုံကြီး၌ ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။


ထိုသို့ သွားရောက်ကြည့်ရှုစဉ် လူနာနှင့် လူနာစောင့်များအတွက် အာဟာရဖြည့်အစားအစာနှင့် ထမင်းဘူးများ ပေးအပ်သည်။


အဆိုပါဆေးရုံကြီးတွင် ရန်ကုန်မြို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့များက ဒေသခံပြည်သူများကို စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် နှစ်ရက်တာ အခမဲ့ စမ်းသပ် စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


တိုင်းဒေသကြီး (ပြန်/ဆက်)

No comments

Powered by Blogger.