အမျိုးသမီး ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် နာမည်ကြီး ချယ်ဆီး၊ ဘာစီလိုနာတို့ နိုင်ပွဲရ
အမျိုးသမီးချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှ စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့် ချယ်ဆီးနှင့် ဩစတြီးယားကလပ် ဩစတြီးယားဝီအန်အသင်းပွဲစဉ်တွင် ချယ်ဆီးက ပွဲချိန် ၁၁ မိနစ်တွင် ရရှိခဲ့သော ကပ်တိန်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်နိုင်ပွဲရရှိ ခဲ့သည်။
ချယ်ဆီးအမျိုးသမီးအသင်းသည်
အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ လေးနှစ်ဆက် တက်လှမ်းထားနိုင်သည့်
အသင်းဖြစ်သည်။ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ချယ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အင်္ဂလန်ကိုယ်စားပြု
အသင်းသုံးသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပွဲစဉ်(၁)အပြီးတွင် အဆိုပါသုံးသင်းစလုံး ရှုံးပွဲကြုံတွေ့ထားခြင်းမရှိအောင် စွမ်းဆောင်ထားနိုင်သည်။
ချယ်ဆီးအသင်းသည် ဝီအန်အသင်းကို
ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမားတို့ အကောင်းဆုံးဟန့်တားကာကွယ်ထားနိုင်မှုကြောင့်
နိုင်ပွဲရရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ ချယ်ဆီးအသင်းသည် လာမည့်ချန်ပီယံလိဂ် ပွဲစဉ်(၂)တွင် အမျိုးသမီးချန်ပီယံလိဂ်ဖလားကို ရှစ်ကြိမ်အထိ ဆွတ်ခူးရရှိထားသည့်
လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်ရလဒ်တွင်
နာမည်ကြီး ဘာစီလိုနာအသင်းက ပါရီအက်ဖ်စီအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ငါးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်

No comments