ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နှင့် သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု ကျဆင်းရေး၊ ဓာတ်အားခကြွေးကျန် ကျဆင်းရေး ဆောင်ရွက်ထားမှု ကွင်းဆင်းစစ်ဆေး

 


ရန်ကုန် စက်တင်ဘာ ၂

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သည် အများပြည်သူ ဓာတ်အားသုံးစွဲသည့် ဧရိယာများတွင် ဓာတ်အားပျောက်ဆုံးမှု များပြားနေသည့်အတွက် ထရန်စဖော်မာနှင့် ဖီဒါများအလိုက် ဓာတ်အားပျောက်ဆုံးမှု သိရှိနိုင်ရန်အတွက် Main မီတာများ တပ်ဆင်ရန်၊ ရပ်/ ပျက်/ နှေး ဖြစ်ပေါ်နေသည့် မီတာများအား အမြန်အစားထိုးလဲလှယ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန်၊ ဓာတ်အားပျောက်ဆုံးမှု များပြားသည့် ဖီဒါများပေါ်ရှိ ခေတ်ဟောင်း Analog မီတာများအား ခရိုင်အစုအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရန်၊ System Improvement လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့်နေရာများကို လုပ်ငန်းစီမံချက်ရေးဆွဲတင်ပြရန်တို့ကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့သွားရောက်ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ဓာတ်အားခ ကောက်ခံနေမှု၊ အွန်လိုင်းမှ မီတာလျှောက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး သာကေတမြို့နယ်အတွင်း Advanced Metering Infrastru-cture (AMI)စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ ၃၃ ကေဗွီ မြင်တော်သာ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော မီးသုံးသူပြည်သူများအား Smart Digital မီတာများဖြင့် အစားထိုးလဲလှယ်ရေးတို့ကို အသေးစိတ်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.