သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀၀၀၀ ကျော်ရှိလာ
စက်တင်ဘာ ၂၉
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၇ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာလ ၂၇ ရက် သန်းခေါင်ယံချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀၁၂၇ ဦးရှိကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။
နိုင်ငံအတွင်းရှိပြည်နယ်များအနက် အနောက်ပိုင်းပြည်နယ်တွင် ထိုရောဂါဖြစ်ပွားသူ ၅၂၅၆၂ ဦးရှိပြီး နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှု၏ ၅၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ဂမ်ပါဟာပြည်နယ်တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ၂၁၂၃၄ ဦး သို့မဟုတ် ၂၁ ဒသမ ၂၁ ရာခိုင်နှုန်းရှိကာ ကိုလံဘိုတွင် ၁၉၆၃၄ ဦးရှိပြီး ကန်ဒီတွင် ၇၆၂၄ ဦးရှိကြောင်း ဖော်ပြထားသည်။
ထိုရောဂါဖြစ်ပွားမှုလစဉ်ကိန်းဂဏန်းများအရ ဇူလိုင်လသည် ယခုနှစ်အတွင်း ကူးစက်မှုအများဆုံးဖြစ်ပြီး ကူးစက်သူ ၂၉၉၆၄ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments