ရေကြီးနစ်မြုပ်လယ်မြေများ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်

 


ဟင်္သာတ စက်တင်ဘာ ၂၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စက်မှု) ဦးအောင်ကျော်ကျော်သည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူး၊ စက်ရုံမှူးနှင့် ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ စက်မောင်းဝန်ထမ်းများ၊ စက်ပြင်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ယင်းသို့ တွေ့ဆုံရာတွင် ရေကြီးနစ်မြုပ်ခဲ့သော လယ်မြေများတွင် မိုးစပါး အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ဝန်ထမ်းများနှင့်တောင်သူများ၏ လယ်ယာသုံးစက်များအား ပြုပြင်ထိန်းသိမ်းပေးမည့် စက်ပြင်ဝန်ထမ်းများ ထွန်ယက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ စက်ယန္တရားများ ကြံ့ခိုင်ကောင်းမွန် စွာအသုံးပြုနိုင်ရေး၊ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်ပါက အချိန်မီပြုပြင် ဆောင်ရွက်ပေးနိုင်ရေးနှင့် တောင်သူများ၏ လယ်ယာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.