ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

 


ပုသိမ် စက်တင်ဘာ ၃

 

ဧရာ၀တီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day-WOD) အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ပမ္မဝတီခန်းမ၌ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “Global Action For A Cooler Planet” “ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲကျင်းပရာသို့ ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား ကိုးဦး၊ ကျောင်းသူ ၁၉ ဦးနှင့် ပန်းချီပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူ ကျောင်းသားခြောက်ဦး၊ ကျောင်းသူကိုးဦး စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသူများအား စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည့် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)

No comments

Powered by Blogger.