ချမ်းမြသာစည်မြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး

 


မန္တလေး စက်တင်ဘာ ၁၀

 

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို စက်တင်ဘာ ၉ ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့(မန္တလေး) အမှတ် (၁၄) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုတိယရဲမှူးနှင့် တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။  

မင်းမင်းလတ်(မန်းတက္ကသိုလ်)

No comments

Powered by Blogger.