အင်ဒိုနီးရှား၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ဂျာကာတာသို့ ရောက်ရှိ
စက်တင်ဘာ ၁၈
အင်ဒိုနီးရှား၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်လာတော့မည့် အီတလီ စစ်သင်္ဘော Giuseppe Garibaldi သည် ယနေ့နံနက်တွင် မြောက်ဂျာကာတာရှိ Tanjung Priok ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။
အဆိုပါကြိုဆိုပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၃ မိနစ်ခန့်တွင် စတင်ခဲ့ပြီး အင်ဒိုနီးရှားရေတပ်လေကြောင်းဌာနမှ လေယာဉ်ငါးစင်းသည် Tanjung Priok ဒေသအပေါ်တွင် ပျံသန်းပြခဲ့သည်ဟု သိရသည်။ အီတလီအစိုးရသည် အနားပေးထားသော လေယာဉ်တင်သင်္ဘောကို အင်ဒိုနီးရှားသို့ လက်ဆောင်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့သည်။
အင်ဒိုနီးရှားရေတပ်က လေယာဉ်တင်သင်္ဘော KRI Sriwijaya ဟု အမည်ပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးကဲ့သို့သော တိုက်ခိုက်ရေး မဟုတ်သောစစ်ရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဒေသ၏ အဓိကရေပိုင်နက်များတွင် ပုံမှန်ရေကြောင်းကင်းလှည့်မှုများနှင့် ရေကြောင်းသံတမန်ရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ Tunggul ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments